ကိုယ်ဝန်ဆောင်များနှင့် ရေဓာတ်အရေးကြီးပုံ

ကိုယ်ဝန်ဆောင်များနှင့် ရေဓာတ်အရေးကြီးပုံ

 

အမျိုးသမီးတိုင်းအတွက် ကိုယ်ဝန်ဆောင်ချိန်နဲ့မီးဖွားချိန်ဟာ အလွန်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အစားအစာနဲ့ နေထိုင်မှုပုံစံတွေကိုဂရုစိုက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်တွင်း ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ရေဓာတ်ကိုအမြဲဖြည့်ပေးနေဖို့လည်း လိုအပ်ပါတယ်။

အမျိုးသမီးများကိုယ်ဝန်ဆောင်နေချိန်မှာ ရေမြွှာရည်ဖွဲ့စည်းခြင်း၊ အပိုသွေးထုတ်လုပ်ခြင်း၊ တစ်သျှူးအသစ်များတည်ဆောက်ခြင်း၊ အာဟာရဓာတ်များသယ်ဆောင်ခြင်း၊ အစာချေဖျက်မှုမြှင့်တင်ခြင်းများအပြင် အညစ်အကြေးများ/အဆိပ်အတောက်များဖယ်ရှားခြင်းတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် သာမန်လူတွေထက်ရေဓာတ် ပိုပြီးလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ ရာသီဥတုပူပြင်းခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ပျို့အန်ခြင်းကဲ့သို့သော အခြေအနေများခံစားရပါက ပုံမှန်ထက်ပိုပြီး အရည်သောက်သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အရည် (သို့မဟုတ်) အမျှင်ဓာတ်ချို့တဲ့ခြင်းကြောင့်လည်း ဝမ်းချုပ်မှုခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်လုံလောက်စွာသောက်သုံးခြင်းမရှိပါက အနည်းငယ်ရေဓာတ်ခမ်းခြောက်ခြင်းအပြင် အခြားဆိုးရွားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

အနည်းငယ် ရေဓာတ်ခမ်းခြောက်ခြင်း

  • မိခင်အပူလွန်ကဲခြင်း
  • ခေါင်းကိုက်ခြင်း/ကိုယ်လက်လေးလန်ခြင်း
  • ဆီးအရောင်မည်းခြင်း (သို့မဟုတ်) ဆီးပျစ်ခြင်း

ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ခြင်း

  • ရေမြွှာရည်နည်းခြင်း
  • ကျောက်ကပ်ကျောက်တည်ခြင်း
  • ရောင်ရမ်းခြင်း
  • ကလေးတွင် မွေးရာပါချို့ယွင်းချက်ပါလာခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် လမစေ့ဘဲကလေးမီးဖွားစေခြင်းကို ဖြစ်စေနိုင်ပါတယ်။

သောက်သုံးသင့်သောအရည်များ

  • ရာသီစာအသီးအနှံများနဲ့ အရွက်များ
  • အလက်ထရိုလိုက်ဓာတ်လုံလောက်စွာပါဝင်သောအရည်များ
  • အဆီထုတ်ထားသောနွားနို့
  • အသီးဖျော်ရည်များ

ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်နဲ့ကလေးပါရေဓာတ်ပြည့်ဝစွာရရှိဖို့အတွက် ရေနဲ့ အလက်ထရိုလိုက်ဓာတ်များပြည့်ဝစွာပါဝင်တဲ့အရည်များသောက်သုံးခြင်းဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။