ပိုကာရီစွက်ပြေးပွဲ

ပိုကာရီစွက် ပြေးပွဲ အကြောင်း

ပိုကာရီစွက် ပြေးပွဲ ကို ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပီး ၂၀၁၇၊၂၀၁၈၊၂၀၁၉ ခုနှစ်တို့တွင်လဲကျင်းပခဲ့ရာ ၄ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။ ယခု ၂၀၂၁ ခုနှစ်၌ ကျင်းပ ပြုလုပ်မည့် ပိုကာရီစွက် Virtual ပြေးပွဲတွင် ပါဝင်ဆင်နွှဲ ခြင်းအားဖြင့် ယခင်နှစ်အဆက်ဆက် ပါဝင် ယှဥ်ပြိုင်ခဲ့သည့်အတိုင်း စိတ်ဓာတ်အားထက်သန်မှုမျိုးကို ပြန်လည်ခံစားရပြီးအမြဲ ကျန်းမာ တက်ကြွရွှင်လန်း စေဖို့ ရည်ရွယ်ပါသည်။ ထို့အပြင် ပိုကာရီစွက် Virtual ၂၀၂၁ ပြေးပွဲတွင် ပါဝင်ဆင်နွှဲခြင်းဖြင့် ကျန်းမာသော လူနေမှုဘဝ ရရှိနိုင်မည့်အပြင် ကျွန်တော်၊ ကျွန်မ တို့၏ ကူညီထောက်ပံ့မှုများကို အမှန်တကယ် လိုအပ်နေသော နေရာများသို့ လှူဒါန်းနိုင်မည့် အခွင့်အရေးပါ ရရှိနိုင်မည် ဖြစ်ပါသည်။

ပြေးပွဲ နေ့ရက်နှင့်အချိန်

ပြေးပွဲနေ့ရက် - ၂၈ ဖေဖော်ဝါရီ ၂၀၂၁

ပြေးပွဲအချိန် - နံနက် ၆ နာရီ မှ ၉ နာရီ ၃၀ မိနစ်

အပြေးမှတ်တမ်း screenshot ပုံကို နောက်ဆုံးတင်ရန် အချိန် - မနက် ၉ နာရီ ၃၀ မိနစ် နောက်ဆုံးထားပြီပေးပို့ရန်။

ပြေးပွဲအမျိုးအစားအလိုက် ဝင်ကြေးနှုန်းထားများ

ပြေးပွဲအမျိုးအစားအလိုက် ဝင်ကြေးနှုန်းများ
Type of PackageBasic Package (T Shirt, Finisher Medal, E-Bib, E-certificate)Premium Package(Basic Package + Race Bag)
ဝင်ကြေးများ
(6 Jan 2021- 22 Feb 2021 at 12:00pm)
၁၆,၀၀၀ ကျပ်၂၁,၀၀၀ ကျပ်
*ပြေးပွဲဝင်ကြေးနှုန်းထားများသည် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် တူညီပါသည်။*

ပွဲတွင်ပါဝင်သူ၏ရပိုင်ခွင့်များ

Basic Package
  • ပိုကာရီစွက် အပြေးအင်္ကျီ
  • အကွာအဝေးပြီးဆုံးသည်အထိပြေးမည့်သူများအတွက်ဆုတံဆိပ်
  • E bib
  • E certificate
  • Sponsor Product (AYA Sompo Insurance)
Premium PackageBasic Package + ပိုကာရီစွက်အိတ်
ပွဲတွင်ပါဝင်သူ၏ရပိုင်ခွင့်များကို မြန်မာနိုင်ငံအတွင်းသာ ပို့ဆောင်ပေးပါမည်။

T-Shirt Size Chart

ပြေးပွဲတွင် ပါဝင်သူ၏ ရပိုင်ခွင့်များ ပို့ဆောင်မှု

  • ပြေးပွဲတွင် ပါဝင်သူ၏ ရပိုင်ခွင့်များကို ပွဲနေ့အပြီး တစ်လအတွင်း ပို့ဆောင်ပေးပါမည်။
  • ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါမည်။
  • အခြားမြို့များသို့ နီးစပ်ရာ ကားဂိတ်အထိ ပို့ဆောင်ပေးပါမည်။

မေးလေ့ရှိသောမေးခွန်းများ

  • ပထမဦးဆုံးအနေနဲ့ သင်ဟာ pocarisweatrunmyanmar.com မှာ Sign up လုပ်ပီး မှတ်ပုံတင်ဖို့ လိုပါတယ်။
  • ဒုတိယ အဆင့်အနေနဲ့ ကြိုက်နှစ်သက်ရာ ပြေးမည့်အကွာအဝေးနှင့် တီရှပ်အရွယ်အစားရွေးချယ်ရန် လိုအပ်ပါတယ်။
  • တတိယအဆင့်အနေနဲ့ ငွေပေးချေမှုကို OK Dollar နဲ့ ပြုလုပ်ရမှာြဖစ်ပါတယ်။

ပွဲနေ့မှာတော့ မိမိ ကြိုက်နှစ်သက်ရာ အပြေး အက်ပလီကေးရှင်း သုံးပြီး အပြေးမှတ်တမ်း ကို screenshot ပုံ ရိုက်ပြီး pocarisweatrunmyanmar.com မှာတင်ပေးရမှာြဖစ်ပါတယ်။

ပွဲနေ့တွင်ကြိုက်နှစ်သက်ရာ မည်သည့် အပြေး အက်ပလီကေးရှင်း ကို မဆို အသုံးပြုနိုင်ပါသည်။

ပြေးစက်ပေါ်တွင် ပြေးနိုင်ပါသည်။သို့သော် အပြေးအက်ပလီကေးရှင်းတိုင်း ပြေးစက်ပေါ်တွင် ပြေးခြင်းကိုမှတ်တမ်းမယူနိုင်တာကို သတိပြုပေးပါ။

OK Dollar အက်ပလီကေးရှင်း နဲ့ ငွေပေးချေမှုကို လက်ခံပါတယ်။

မရရှိနိုင်ပါ။မည်သည့်ပြေးပွဲတွင်မဆို စာရင်းသွင်းပီးနောက်ပိုင်း ငွေပြန်အမ်းခြင်းမရှိပါ။

စာရင်းသွင်းပြီးနောက် ပြေးပွဲအချက်အလက်များကို ပြန်လည် ပြင်ဆင်ခွင့်မရှိပါ။

မိမိကိုယ်တိုင် စာရင်းသွင်း ထားသော တီရှပ် အရွယ်အစားကို ပြန်လည် ရွေးချယ်ခွင့် မရှိပါ။

ပြေးပွဲတွင် ပါဝင်သူ၏ ရပိုင်ခွင့်ကို ပွဲ ပြီး တစ်လ အတွင်း ပို့ပေးပါမည်။

ဆုတံဆိပ်သည် ‌‌‌ကြိုတင်‌‌‌ရွေးချယ်ထားတဲ့ အပြေးအမျိုးအစားများအတိုင်း ပြီးဆုံးအောင် ပြေးမှသာ ရရှိမည် ဖြစ်ပါသည်။

မရပါ။ ပွဲချိန်အတွင်း တစ်ကြိမ်ထဲ ပြီးဆုံးအောင် ပြေးရပါမယ်။

စာရင်းသွင်းမှု တခုချင်းစီ အတွက် အပြေးသမားဘက်မှ ၁၀၀၀ ကျပ်လှူဒါန်းမှု ရှိပြီး ပိုကာရီစွက်ဘက်မှလဲ ဆတူ ထက်တိုးအလှူ ကိုလှူဒါန်း ပေးမှာ ဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းများ

  • ပွဲဖြစ်မြောက်‌ရေးအဖွဲ့မှ ၂၀၂၁ Virtual ပြေးပွဲ စည်းကမ်းချက်များကို ကြိုတင်အသိပေးခြင်းမရှိဘဲ(သို့) အ‌‌ကြောင်းပြချက်တစ်စုံတစ်ရာ မရှိဘဲ ပြင်ဆင်ခွင့်ရှိသည်။
  • အုပ်စုလိုက် စာရင်းသွင်းခြင်း အတွက် ကီလိုမီတာအကွာအဝေးအမျိုးအစားရွေးချယ်ခြင်းနှင့် ပါဝင်မည့်လူအ‌ရေအတွက် ကို ပြန်လည်ပြောင်းလဲခွင့် မပြုပါ။
  • စာရင်းသွင်းရာတွင် လိုအပ်သော သတ်မှတ်ချက်များနှင့် ရှင်းလင်း ပြောြပရန် လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာြဖည့်သွင်းပေးရပါမည်။မှားယွင်းစွာ ဖြည့်သွင်းထားမှုများရှိပါက ပွဲစီစဥ်သူဘက်မှပါဝင်ခွင့်ကို ငြင်းဆန်ခွင့်ရှိပါသည်။
  • စာရင်းသွင်းခြင်းအောင်မြင်သွားပါက မည်သည့်အကြောင်းပြချက်ဖြင့်မျှ ဝင်ကြေးများကို ပြန်လည်ထုတ်ယူခွင့် ပြုမည်မဟုတ်ပါ။
  • ပွဲတွင် ပါဝင်သူ များသည် မိမိ ပွဲဝင်ခွင့်ကို တခြားသူတစ်ဦးတစ်ယောက်အား လွှဲပြောင်းပိုင်ခွင့်မရှိပါ။
  • ပွဲနေ့မတိုင်မီ ပွဲတွင်ပါဝင်သူ များသည်မိမိသုံးမည့် အက်ပလီကေးရှင်းအား ကြိုတင် စစ်ဆေးထားသင့်ပါသည်။ ပွဲနေ့ အက်ပလီကေးရှင်းတွင် အမှားတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက ပွဲစီစဥ်ရေးအဖွဲ့က တာဝန်ယူမည်မဟုတ်ပါ။
  • ပွဲနေ့တွင် ပွဲတွင် ပါဝင်သူများသည် မိမိ ရွေးချယ်ထားသော သက်ဆိုင်ရာ ကီလိုမီတာ အကွာအဝေးကို ပြေးပြီး အပြေးမှတ်တမ်း screenshot ပုံကို မနက် ၉ နာရီ ၃၀ မိနစ် နောက်ဆုံးထားပြီး ဝက်ဘ်ဆိုဒ်တွင် တင်ပေးရပါမည်။
  • ပွဲနေ့ သို့မဟုတ် ပွဲပြီးနောက်နေ့တွင် ပွဲဖြစ်မြောက်ရေးအဖွဲ့ သည် ပွဲတွင်ပါဝင်သူများ ဖေ့စ်ဘုတ်ပေါ် Public Setting နှင့် Hashtag တို့ဖြင့် တင်ထားသောပွဲနေ့နှင့် သက်ဆိုင်သော ပုံများကို အသုံးပြုသွားမည် ဖြစ်ပါသည်။ဥပမာ #ItsTimeToReconnectAgain
  • အရွယ်အစား မှားယွင်းနေသောတီရှပ် နှင့် ချွတ်ယွင်းချက်ရှိနေသော ပစ္စည်းများကို ပြန်လည် လဲလှယ်ပေးပါမည်။
  • မမှန်ကန်သောနည်းလမ်းဖြင့် လျှော်ဖွက်မှု၊ မီးပူတိုက်မှု ကြောင့် ပျက်ဆီးသွားသော အဝတ်အထည်များကို ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။
  • ပြန်လည်လဲလှယ်ခြင်းပြုမည့်ပစ္စည်းများသည် ထပ်ဆောင်းပျက်ဆီးမှု ပျောက်ဆုံးမှု နှင့် အသုံးပြုထားမှုများ မဖြစ်ရပါ။ လဲလှယ်မည့် ပစ္စည်းကို သပ်ရပ်သော ထုတ်ပိုးမှုဖြင့် ပြန်လည်ပေးပို့ နိုင်ပီး ပိုကာရီစွက်ဘက်မှ ပို့ဆောင်ခ ပေးချေပေးပါမည်။
  • လဲလှယ်ချင်သော ပစ္စည်းများကို ပစ္စည်းလက်ခံရရှိပြီး ၁၄ ရက်အတွင်း လဲလှယ်နိုင်ပါသည်။
  • ပွဲတွင် ပါဝင်သူသည် ၂၀၂၁ ဇန်နဝါရီ ၃၁ တွင် အသက် ၁၂ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • ပွဲတွင် ပါဝင်သူ အသက် ၁၈နှစ်အောက်များသည် မိဘ(သို့) အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့် သာပါဝင်ခွင့်ပြုပါမည်။
  • ပိုကာရီစွက်မှ ပြေးပွဲတွင် ပါဝင်သူများအား ပွဲတွင်ပါဝင်ဆင်နွှဲနေချိန် မတော်တဆ ထိခိုက်မှုများအတွက် အာမခံချက်ကို အခမဲ့ စီစဥ်ပေးထားပါသည်။ အပြေးသမားများအနေဖြင့် ထိုအာမခံကို အသုံးပြုမည်ဆိုပါက မိမိကိုယ်ရေးအချက်အလက်များကို အာမခံ ကုမ္ပဏီ သို့ မျှဝေခြင်း ကို လက်ခံရပါမည်။

ဆက်သွယ်ရန်

  • ဆက်သွယ်ရန် အီးမေးလ် လိပ်စာ - [email protected]