ရေဓာတ်ပြည့်ဝခြင်း၏ အခန်းကဏ္ဍများ

အရည်ဟာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပြီး ခန္ဓာကိုယ်တွင်းအရည်ဓာတ်အနည်းငယ်လျော့နည်းသွားတာနဲ့တစ်ပြိုင်နက် နောက်ဆက်တွဲဆိုးကျိုးတွေကိုစတင်ခံစားလာရနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်းရေဓာတ်လျော့နည်းပါက ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ထုံထိုင်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနဲ့ ပါးစပ်ခြောက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အရည်လုံလောက်စွာရရှိခြင်းမရှိပါက သင့်ခန္ဓာကိုယ်ဟာ အပူချိန်ထိန်းညှိပေးဖို့ ခက်ခဲလာနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းအရည်အနည်းငယ်ဆုံးရှုံးတာနဲ့တစ်ပြိုင်နက် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာနိုင်ပါတယ်။
ရေရှည်ရေဓာတ်ခန်းခြောက်ပါက ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းတို့ပါ ဆက်စပ်ဖြစ်ပွားလာနိုင်ပါတယ်။‌

ရေဓာတ်ပြည့်ဝနေခြင်းဟာ ကျန်းမာရေးအတွက်အလွန်အရေးကြီးပြီး ခန္ဓာကိုယ်အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ကူညီပေးတဲ့အပြင် အာရုံစူးစိုက်မှုအားကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းရေဓာတ်ပြည့်ဝနေခြင်းဟာ အရေပြားနဲ့အကျိအချွဲဆဲလ်တွေကို ခန္ဓာကိုယ်ထဲဘက်တီးရီးယားများဝင်ရောက်လာခြင်းမရှိစေရန် အတားအဆီးတစ်ခုအဖြစ်လုပ်ဆောင်ပေးအောင် ကူညီပေးပါတယ်။

လူကြီးများအနေနဲ့ တစ်နေ့ကို အရည် ၁.၅ မှ ၂ လီတာခန့်သောက်ဖို့လိုအပ်ပါတယ်။ ပုံမှန် မတ်ခွက် / ဖန်ခွက်တစ်ခွက်ဟာ အရည် ၂၀၀ မီလီလီတာခန့်ဆန့်တာကြောင့် တစ်နေ့မှာ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်သုံးမယ်ဆိုရင် လိုအပ်တဲ့ရေဓာတ်ရရှိနိုင်မှာဖြစ်ပါတယ်။ ကလေးများအနေနဲ့ တစ်နေ့ကို အရည် ၆ ခွက်မှ ၈ ခွက် ခန့်သာ သောက်သင့်ပေမယ့်လည်း ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာတော့ လူကြီးများသောက်သုံးတဲ့ အရည်ပမာဏနည်းတူသောက်သုံးဖို့ လိုအပ်ပါတယ်။ ရေပုံမှန်သောက်ဖြစ်အောင် ရေဘူးကိုသင့်အနီးအနားမှာအမြဲဆောင်ထားသင့်ပါတယ်။