ဝမ်းလျှောခြင်းနှင့်အော့အန်ခြင်း

ဝမ်းလျှောခြင်းနှင့်အော့အန်ခြင်း

 

ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်းတွေဟာ Gastroenteritis ဖြစ်ပါက အဖြစ်များတဲ့လက္ခဏာတွေဖြစ်ပါတယ်။ Gastroenteritis ဆိုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းနဲ့ယားယံခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။

အော့အန်ခြင်းနဲ့ဝမ်းလျှောခြင်းတွေဖြစ်တဲ့အခါ အလွန်အကျွံ ရေဓာတ်ဆုံးရှုံးတာကြောင့် အန္တရာယ်ရှိတဲ့ အခြေအနေထိဖြစ်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ကလေးငယ်များနဲ့သက်ကြီးရွယ်အိုများမှာ သာမန်သူတွေထက် လျင်မြန်စွာရေဓာတ်ခန်းခြောက်နိုင်ကြောင်းတွေ့ရှိရပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့လက္ခဏာများ

  • ဆီးအနည်းငယ် (သို့) ဆီးလုံးဝမသွားခြင်း (သို့မဟုတ်) ပုံမှန်ထက်ပိုညိုသောဆီးသွားခြင်း
  • ပုံမှန်ဆီးသွားသလောက် ဆီးမသွားခြင်း(မွေးကင်းစကလေးများအတွက်တစ်နေ့ကို အနှီးအစို ၆ ခုထက်နည်းခြင်းနဲ့ ကလေးများအတွက် ၈ နာရီသို့မဟုတ်ထိုထက်ပိုဆီးမသွားခြင်း)
  • ရေငတ်ခြင်း (ကလေးငယ်များ ငိုယိုပြီး ရေဆာနေကြောင်းလုပ်ပြခြင်း၊ စိတ်တိုဒေါသထွက်ခြင်းနဲ့ သောက်စရာတစ်ခုခုပေးတဲ့အခါ သောက်ချင်စိတ်ပြင်းပြခြင်း)
  • ဒေါသထွက်ခြင်း
  • ပုံမှန်စားသလောက်မစားခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ပါးစပ်ခြောက်ခြင်း
  • ငိုတဲ့အခါ မျက်ရည် မကျခြင်း

အသက် ၁၈ လအောက်ကလေးငယ်များတွင်

    • ငယ်ထိပ်တွင် အစက်များ ရှိနေခြင်း
    • ပျော့တွဲတွဲ အသားအရေဖြစ်နေခြင်း
    • အော့အန်ခြင်း
    • အိပ်ငိုက်ခြင်း

အော့အန်ခြင်းနဲ့ဝမ်းလျှောခြင်းအကြိမ်ကြိမ်ခံစားရဖူးသူတိုင်း ဆုံးရှုံးသွားတဲ့အရည်များနဲ့ electrolytes များကိုအစားထိုးရန်လိုအပ်ပါတယ်။

ကလေးငယ်များအတွက် – အကယ်၍ နို့တိုက်နေပါက သင့်ကလေးကိုမိခင်နို့ ဆက်လက်တိုက်ပါ။ မိခင်နို့မှာ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ရေဓါတ်နဲ့ electrolytes များပါဝင်ပါတယ်။ ဆရာဝန်မှ ရေဓာတ်ဖြည့်ပေးတဲ့ဓါတ်ဆား(ORS) ကို ညွှန်ပေးတဲ့အခါမှာလည်း သင့်ကလေးကို တိုက်ကျွေးနိုင်ပါတယ်။

မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များအတွက်-ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အရည်တွေကိုအစားထိုးဖို့အတွက် ဆား၊ သကြား၊ ပိုတက်စီယမ်နဲ့ အခြားအာဟာရတွေပါဝင်တဲ့ ORS ကိုသောက်သုံးသင့်ပါမယ်။ အသက် ၁ နှစ်အထက်ကလေးများအနေနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကိုကာကွယ်နိုင်ဖို့ Pocari Sweat၊ ရိုးရိုးဆိုဒါများ (သို့) ဖျော်ရည်နဲ့ရေကို ၅၀-၅၀ အချိုးအစားနဲ့ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ ရေတစ်ခုထဲမှာ ရေဓာတ်ခမ်းခြောက်ခြင်းကိုကူညီနိုင်တဲ့ ဆားနဲ့အာဟာရဓာတ်တွေလုံလောက်စွာပါဝင်ခြင်းမရှိပါဘူး။အချိုရည်များဟာလည်း ပုံမှန်အားဖြင့်သကြားပါဝင်မှုအလွန်မြင့်မားပြီး သင့်ကလေးရဲ့အစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်။

လူကြီးများနဲ့သက်ကြီးရွယ်အိုများအတွက်– အော့အန်ခြင်းနဲ့ဝမ်းလျှောခြင်းမှ ဆုံးရှုံးသွားတဲ့အရည်တွေကိုအစားထိုးဖို့အတွက် လူကြီးများနဲ့သက်ကြီးရွယ်အိုများအနေနဲ့ တစ်နေ့ကို အနည်းဆုံး (၈)အောင်စဖန်ခွက် (၇)ခွက် သောက်နိုင်အောင် ကြိုးစားသင့်ပါတယ်။သက်ကြီးရွယ်အိုများအနေနဲ့ ဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်အရည်တွေကိုအစားထိုးနိုင်ဖို့အတွက် ORS၊ Pocari Sweat (သို့) အရည်အစားထိုးအစားအစာများကို သောက်သုံးနိုင်ပါတယ်။