အပူဒဏ်နှင့်ရေဓာတ်ခမ်းခြောက်ခြင်း

အပူဒဏ်နှင့်ရေဓာတ်ခမ်းခြောက်ခြင်း

 

အပူရှပ်ခြင်းဖြစ်စဉ်ဟာ သင့်ခန္ဓာကိုယ်အပူချိန် လျင်မြန်စွာ မြင့်တက်လာပြီး အေးအောင်ပြန်မလုပ်နိုင်တဲ့အခါ ဖြစ်ပွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးဟာ အပူအောက်မှာ အချိန်ကြာမြင့်စွာနေထိုင်ပြီး ရေဓာတ်လုံလောက်စွာ မရတဲ့အခါမှာလည်း ဖြစ်ပွားနိုင်ပါတယ်။  အပူရှပ်ပြီဆိုရင် သင့်ဦးနှောက်နဲ့ အခြားအရေးကြီးအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။ အပူရှပ်ပြီဆိုရင် ချက်ချင်းမကုသပါက ကျောက်ကပ်ပျက်စီးပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း၊ စိတ်တိုခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ ၊ ချွေးမထွက်ဘဲ အသားအရေနီမြန်းပြီးပူနေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်မှားခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ ရေငတ်ခြင်း တို့ဖြစ်ပါတယ်။ 

 

 

အပူရှပ်ခြင်း ကြုံတွေ့ရတဲ့အခါ အမြဲတမ်းပျက်စီးခြင်း သို့မဟုတ် သေဆုံးနိုင်ခြင်းတွေဖြစ်နိုင်တာကြောင့် ချက်ချင်းကုသမှုခံယူဖို့ အရေးကြီးပါတယ်။

  • လူတစ်ယောက်ကို အပူထဲကထုတ်ပြီး အဝတ်အစားတွေကို ဖယ်ရှားပြီး အရေပြားကို အေးမြတဲ့ရေနဲ့ ညင်သာစွာ လိမ်းခြင်းဖြင့် ချွေးထွက်အောင် လှုံ့ဆော်ပေးပါ။
  • ပေါင်ခြံနှင့် ချိုင်းကြားတွေကို ရေခဲအိတ်များ ကပ်ပေးပါ။
  • ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ဖို့အတွက် အရည်များများသောက်ပေးပါ။

 

 

ရေဓာတ်ဟာ အပူရှပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ နေထိုင်ပြီး နာတာရှည်ရောဂါခံစားနေရသူတွေအနေနဲ့ အပူဒဏ်ကနေ ကာကွယ်ဖို့ ပိုပြီးသတိထားသင့်ပါတယ်။ နေပူထဲထွက်တဲ့အခါ အရည်လုံလောက်စွာသောက်သုံးဖို့ အမြဲသတိရဖို့လိုပြီး ပုံမှန်ထက်ပူတဲ့အခါမှာတော့ ရေဓာတ်ပြည့်ဝစွာနေထိုင်ဖို့ အရည်များများပိုသောက်ဖို့လိုအပ်ပါတယ်။ Pocari Sweat ဟာ ရေထက် 2.2 ဆ ပိုမြန်စွာ စုပ်ယူပေးနိုင်ပါတယ်။ နေပူဒဏ်မှ ကာကွယ်ဖို့အတွက် အပြင်ထွက်တဲ့အခါ ဦးထုပ်နဲ့ နေကာမျက်မှန် ဝတ်ဆင်ခြင်း၊ ထီးဆောင်းခြင်းများပြုလုပ်ပြီး အရမ်းပူတဲ့ရက်တွေမှာတော့ တတ်နိုင်သမျှအိမ်မှာပဲနေထိုင်သင့်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်း၊ မှန်ကန်သော အစားအသောက်များ (ပြည့်ဝဆီနှင့် သကြားနည်း) နဲ့ အရက် သို့မဟုတ် သကြားပါတဲ့အချိုရည်တွေကို ရှောင်ကြဉ်ခြင်းဟာ အပူရှပ်ခြင်းကနေကာကွယ်ပေးဖို့ ကူညီပေးပါတယ်။