ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

ပိုကာရီစွက်သည် Otsuka Myanmar Co; Ltd ၏ ကုန်ပစ္စည်းတစ်ခုဖြစ်ပါသည် ။Otsuka Pharmaceutical Co; Ltd of Japan ၏ ကုမ္ပဏီ ခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၃ ရက် အောက်တိုဘာ ၂၀၁၈ မှ စတင်ဖွင့်လှစ်ခဲ့ပါသည် ။ပိုမိုကောင်းမွန်သော ကျန်းမာရေး ရရှိစေလိုသော ဆန္ဒသည် ကျွန်ုပ်တို့ လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်ပင်ဖြစ်သည် ထို့ကြောင့် မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး အတွက် ကျန်းမာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

Otsuka Stories

Otsuka Pharmaceutical သည် ကမ္ဘာနှင့် အဝှမ်းသို့ စွန့်ဦးတီထွင်မှုပြုထားသော ကုန်ပစ္စည်းများဖြင့် လုပ်ငန်းချဲ့ထွင်ဆောက်ရွက်ခဲ့ပါသည်။ သို့သော် အခြားကုန်ပစ္စည်းများအား တုပခြင်း မပြုဘဲ ထူးခြားပြောင်မြောက်သော ကုန်ပစ္စည်းဖြစ်ပေါ်လာစေရန် မည်သို့ အချိန်ယူခဲ့ရပါသလဲ။ ထို့အပြင် မည်ကဲ့သို့သော အခက်အခဲ စိန်ခေါ်မှုကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီး ဈေးကွက်ထဲရှိ အခြားသော ကုန်ပစ္စည်းများထက် ပိုမိုကောင်းမွန်သော ကုန်ပစ္စည်းများကို ထုတ်လုပ်ဝေငှပေးနိုင်ခဲ့ပါသလဲ ။အောက်ဖော်ပြပါ လက်ရေးကာတွန်း Video ကို ကြည့်ရှူခြင်းအားဖြင့် Otsuka မိသားစု ဝင်များ ၏ စိတ်အားထက်သန်မှု နှင့် တီထွင်ကြံဆမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြားသိနားလည်နိုင်လိမ့်မည်ဖြစ်ပါသည်။

Our Philosophy

Otsuka မိသားစုဝင်များသည် ကမ္ဘာနှင့်တစ်ဝှမ်းပိုမိုကျန်းမာစေရန် အသစ်အသစ်သော တီထွင်ဖန်တီးမှုများကို အစဉ်တစ်စိုက်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည် အဆိုပါ ခံယူချက် သဘောထားများသည် ထူးခြားပြောင်မြောက်သော တီထွင်ဆန်းသစ်သော ဖန်တီးမှုများကို ဦးတည်ခြင်း ကျန်းမာရေး ပျော်ရွှင်သော လှုမှုဘဝ မြင့်တင်ပေးခြင်း နှင့် ကမ္ဘာပေါ်ရှိ လူသားများ၏ အသက်ရှည်ကျန်းမာရေး တို့ကို ဖော်ဆောင်ပေးသော ခံယူချက်များပင်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားသော ကုမ္ပဏီနှင့်အညီ လူသားတို့၏ ကျန်းမာရေးလို အပ်ချက်များအတွက် ကျွန်ုပ်တို့ိ၏ လက်သုံးစကား jissho - စစ်မှန်သောစေတနာ sozosei - တီထွင်ကြံဆမှု တို့ကို နှလုံးမူလျှက် Otskua Pharmaceutical အနေဖြင့် သုတေသနလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းစဉ်များ အရည်အသွေးပြည့်မှီသော ကုန်ထုတ်လုပ်ငန်းများ နှင့် အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများကိုသာ ပြည်သူလူထုထံဝေငှပေးလျှက်ရှိပါသည်။